Sunday 24 July 2011

အင်္ဂလိပ်မရိယာယ်

အင်္ဂလိပ်အစိုးရသော်၎င်း၊ အင်္ဂလိပ်အစိုးရ၏ စက်ယန္တ ရားကို လှည့်ပေးနေရသူ အရာရှိတို့ကသော်၎င်း ဆရာတော်ဦးဥတ္တမအား ထောင်သွင်းအကျဉ်းမထားခဲ့သော် ဤမျှစည်းရုံးမှုအင်အား အဟုတ်ပြင်းပြ ထက်သန်လာမည်မဟုတ်ပေ။ 

ဘိလပ်သို့နှစ်ကြိမ်တိုင်တိုင် ကိုယ်စားလှယ် စေလွတ်တောင်းဆိုလျက် အင်္ဂလိပ်အစိုးရက ဂရုမထားရှိနေရာ ဗမာလူမျိုးတို့ ထိုအချိန်က ဘာလုပ်၍ဘယ်လမ်းလိုက်ရမည်ဟုပင် မဝေဖန်နိုင်ကြပေ။

ထက်သန်လှသော ဤစည်းရုံးမှုအင်အားကို ကျွန်ုပ်တို့ထက် နိုင်ငံရေးပရိယာယ်တွင် အဆပေါင်းရာထောင်မက သာလှသော အင်္ဂလိပ်တို့က တဖန် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်ပြန်သည်ကို တွေ့ရသည်။ 

အတိတ်သည်ကား အထူးအဆန်းဟု မဆိုရစေကာမူ နိုင်ငံရေးသောကား ဤသို့သူတမယဥာဏ်ထားလျှင် ချည်းအနှီးမဖြစ်ပေ။

၎င်းကား ၁၉၁၉-ခုနှစ်တွင် အိန္ဒိယသို့ ပေးအပ်သော ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဗမာပြည်ကိုလည်း တန်းတူထား၍ အိန္ဒိယအတွင်း ပြည်နယ်ကြီးတခုအဖြစ် ပြုပြင်ပြောင်းလဲရေးကို ပေးမည်ဆိုသော ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ၁၉၂၀-ခုနှစ်တွင် ပေးအပ်ပြီး ထိုနှစ် ဒီဇင်ဘာလတွင် ပထမရွေးကောက်ပွဲ ကျင်းပရန်ဖြစ်ပေါ်လာသည်။

ထိုအုပ်ချုပ်ရေး အထမြောက်အောင် ဆောင်ရွက်ရန်ကိုလည်း ယခင်ကလက်ဖတင်နင်ဂါဝါနာ ခေါ်ဘုရင်ခံအဖြစ် ဆောင်ရွက်သွားခဲ့ဖူးသော ဆာဟာကုတ် ဘတ္တလာအာဂါဝါ ခေါ် ဘုရင်ခံကြီးတယောက်အနေနှင့် ခန့်အပ်ပြီး ဗမာပြည်သို့ ပြန်လွတ်သည်။

No comments:

Post a Comment